HomeEntertainmentFilmWarner Bros. ရဲ့ ဒုတိယမြောက် ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာတဲ့ Barbie

Warner Bros. ရဲ့ ဒုတိယမြောက် ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာတဲ့ Barbie

Barbie ရုပ်ရှင်ကတော့ Warner Bros. စတူဒီယိုရဲ့ ဒုတိယမြောက် ဝင်ငွေအများဆုံး ရုပ်ရှင် ဖြစ်လာပါပြီ။ ဒီကားကိုတော့ ဒါရိုက်တာ Greta Gerwig က ရိုက်ကူးထားပြီး Margot Robbie နဲ့ Ryan Gosling တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ Barbie ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ (၂၁)ရက်နေ့က စတင်ပြသခဲ့ပြီး ယခုအချိန်မှာတော့ Box Office မှာ ဒေါ်လာ(၁)ဘီလျံကျော် ဝင်ငွေရရှိနေပြီ ဖြစ်ပါတယ်။

photo credit Warner Bros. Studios

ယခုဆိုရင် Barbie ရုပ်ရှင်ဟာ Box Office ဝင်ငွေ ဒေါ်လာ (၁.၁၈)ဘီလျံ ရရှိနေပြီလို့ The Hollywood Reporter သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါကြောင့်ပဲ Barbie ဟာ ဒေါ်လာ (၁.၁၅)ဘီလျံရရှိခဲ့တဲ့ Aquaman ကို ကျော်တက်သွားပြီး Warner Bros. စတူဒီယိုရဲ့ ဒုတိယမြောက် ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာပါပြီ။ ပထမနေရာမှာတော့ ဝင်ငွေ ဒေါ်လာ (၁.၃၄)ဘီလျံ ရရှိထားတဲ့ Harry Potter and the Deathly Hallows: Part 2 က ရပ်တည်နေပါတယ်။

ကိန်းဂဏန်းတွေကို ယှဉ်ကြည့်ရင်တော့ Barbie နဲ့ Harry Potter and the Deathly Hallows: Part 2 တို့ဟာ ဝင်ငွေသိပ်မကွာတော့ဘူးလို့ ထင်ရပေမယ့် ခန့်မှန်းချေ ဒေါ်လာသန်း (၁၆၀)လောက် ကွာဟနေပါသေးတယ်။ ဒေါ်လာသန်း (၁၆၀)ဆိုတဲ့ ပမာဏဟာလည်း မနည်းပါဘူး။ ယခုနှစ်အတွင်းမှာပဲ ရုံတင်သွားတဲ့ နာမည်ကြီး Horror ရုပ်ရှင် Scream VI ဆိုရင် ရုံတင်သွားတဲ့ ကာလအဆုံးထိ Box Office မှာ ဒေါ်လာသန်း (၁၆၀)ကျော်သာ ရရှိခဲ့ပါတယ်။

photo credit Warner Bros. Studios

Barbie ရုပ်ရှင်ကတော့ ရုံတင်တင်ချင်း ပထမဆုံးပိတ်ရက်မှာတင် ဒေါ်လာ (၁၆၂)သန်း ရရှိခဲ့ပြီး ယခုအပတ်မှာလည်း အမေရိကန်ပြည်တွင်းမှာတင် ဒေါ်လာသန်း (၃၀) ရရှိထားပါတယ်။ ဒါ့အပြင် Barbie ရုပ်ရှင်ဟာ ယခုအချိန်ထိ ရုံတင်နေဆဲ ဖြစ်တာကြောင့် ဝင်ငွေကတော့ ထပ်တိုးလာဦးမှာပါ။ ဒါကြောင့်ပဲ Barbie ဟာ Box Office မှာ Harry Potter and the Deathly Hallows: Part 2 ကို ကျော်တက်ပြီး Warner Bros. ရဲ့ ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာမလား ဆိုတာတော့ စောင့်ကြည့်ရမှာပါပဲ။

Legos

Source: THR

RELATED ARTICLES

Most Popular