HomeDramaစက်တင်ဘာလအတွင်းမှာ ထွက်ရှိလာမယ့် ကိုရီးယားဒရာမာအသစ်များ 

စက်တင်ဘာလအတွင်းမှာ ထွက်ရှိလာမယ့် ကိုရီးယားဒရာမာအသစ်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုရီးယားဒရာမာချစ်သူများအနေနဲ့ ယခုစက်တင်ဘာလအတွင်းမှာလည်း ဇာတ်လမ်းတွဲအသစ်တွေကို ကြည့်ရှုရဦးမှာ ဖြစ်ပါတယ်။ ongoing စီးရီးတွေနဲ့တင် အားမရလို့ စီးရီးအသစ်တွေကိုပါ မျှော်နေကြတဲ့ ဒရာမာပရိသတ်တွေအတွက် စက်တင်ဘာလအတွင်း ထွက်ရှိလာမယ့် ဒရာမာအသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Lost (September 4)
Photo via soompi

ဇာတ်လမ်းကတော့ ဘဝမှာ ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်ဖူးသေးတာကို နားလည်သွားတဲ့ သာမန်လူတွေအနေနဲ့ တစုံတခု ပြောင်းလဲလာအောင် ကြိုးစားတဲ့ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ Jeon Do Yeon ကတော့ Boo Jung ဆိုတဲ့ အသက်လေးဆယ်ကျော်အရွယ် ရှဲဒိုးဝတ္ထုရေးသူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ တခြားသူရဲ့ ကလောင်နာမည်နဲ့ ရှဲဒိုးစာတွေရေးပေးနေရပြီး ဘဝမှာ ဘာမှမဖြစ်လာသေးလို့ လမ်းပျောက်သလို ခံစားနေရသူလည်း ဖြစ်ပါတယ်။

Ryu Jun Yeol ကတော့ Kang Jae ဆိုတဲ့ ကာရိုက်တာနေရာမှာ သရုပ်ဆောင်ထားပါတယ်။ သူကတော့ ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတစ်ခု တည်ထောင်ထားပြီး ဖောက်သည်တွေက တောင်းဆိုသမျှကို လိုက်‌လျောပေးနေရသူလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ စက်တင်ဘာလ(၄)ရက်နေ့မှာ စတင်ပြသနေပြီ ဖြစ်ကာ စနေ၊ တနင်္ဂနွေနေ့တိုင်း JTBC ရုပ်သံလိုင်းက ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။

High Class (September 6)
Photo via soompi

ဒီဇာတ်လမ်းတွဲကတော့ mystery drama အမျိုးအစားဖြစ်ပြီး သုခဘုံလို့ တင်စားရလောက်တဲ့ ကျွန်းတစ်ခုပေါ်က အလွန်အမင်း အဆင့်အတန်းမြင့်လွန်းတဲ့ ဇိမ်ခံ အင်တာနေရှင်နယ်ကျောင်းတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ Jo Yeo Jeong ကတော့ ခင်ပွန်းဖြစ်သူရဲ့ လူသတ်မှုမှာ အမှုဆင်ခံရပြီး အရာအားလုံးကို ဆုံးရှုံးလိုက်ရတဲ့ အောင်မြင်တဲ့ ရှေ့နေ Song Yeo Wool အဖြစ် သရုပ်ဆောင်ထားပါတယ်။

ယောက်ျားဖြစ်သူရဲ့ သေဆုံးမှုနောက်ကွယ်က တကယ့်အမှန်တရားကို ရှာဖွေနေရင်းမှာပဲ သားဖြစ်သူ တက်ရောက်နေတဲ့ နာမည်ကြီးကျောင်းက ကျောင်းနေဖက်ကလေးရဲ့ အမေဖြစ်သူနဲ့ ဆုံတွေ့မိပါတော့တယ်။ ဖြစ်ချင်တော့ အဲဒီအမျိုးသမီးဟာ သူ့ယောက်ျား မသေဆုံးခင်က အတူတူရှိနေပြီး သူ့ယောက်ျားနဲ့ ဖောက်ပြန်နေခဲ့တဲ့ အမျိုးသမီး ဖြစ်နေတဲ့အခါမှာတော့ … ။ ဒီစီးရီးကတော့ စက်တင်ဘာလ(၆)ရက်နေ့မှာ စတင်ပြသနေပြီ ဖြစ်ကာ tvN ရုပ်သံလိုင်းက တနင်္လာ၊ အင်္ဂါနေ့တိုင်းမှာ ထုတ်လွှင့်နေပါတယ်။

Love in Black Hole (September 17)
Photo via soompi

Love in Black Hole ကတော့ Eun Ha (SeolA) ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမအခန်းရဲ့ မျက်နှာကျက်ပေါ်က အဖြူရောင်တွင်းပေါက်တစ်ခုဆီကနေ သူမဆီ လိပ်မူထားတဲ့ ရည်းစားစာတွေကို ရရှိနေသူ ဖြစ်ပါတယ်။ ဘယ်သူက ဒီစာတွေကို သူမဆီ ရေးပို့နေသလည်းဆိုတာကို စုံစမ်းဖို့ သူမရဲ့သူငယ်ချင်းနဲ့အတူ ဖော်ထုတ်ကြတဲ့ လူငယ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလ(၁၇)ရက်နေ့က စတင်ပြီး သောကြာ၊ စနေနေ့တိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

The Veil (September 17)
Photo via soompi

ဒီဇာတ်လမ်းတွဲကတော့ လူကြိုက်များလာဦးမယ့် အက်ရှင်ဒရာမာတစ်ခု ဖြစ်ပါတယ်။ Namgoong Min က Han Ji Hyuk အဖြစ် သရုပ်ဆောင်ထားပြီး Park Ha Sun ၊ Kim Ji Eun နဲ့ Kim Byung Gi တို့က အဓိကပါဝင်ထားပါတယ်။ Han Ji Hyuk ကတော့ အမျိုးသားလုံခြုံရေးစင်တာရဲ့ ထိပ်တန်းအေးဂျင့်တစ်ယောက် ဖြစ်ပါတယ်။ မစ်ရှင်တိုင်းကို ပြီးပြည့်စုံစွာ အောင်မြင်နိုင်တဲ့ သူ့ရဲ့ မှတ်တမ်းတွေကြောင့်လည်း လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ယုံကြည်လေးစားခံရသူလည်း ဖြစ်ပါတယ်။

ဒီလိုနဲ့ ရာဇဝတ်မှုတစ်ခုကို အဆုံးသတ်ပေးဖို့ မစ်ရှင်သွားရာကနေ တစ်နှစ်ခန့် ပျောက်ဆုံးသွားပါတော့တယ်။ အဲဒီနောက်မှာတော့ Han Ji Hyuk ဟာ သူ့ဌာနကို ပြန်လည်ရောက်ရှိလာခဲ့ပြီး သူ့ကို ဒီလိုဖြစ်အောင် ဖန်တီးခဲ့သူကို မြေလှန်ရှာဖွေပါတော့တယ်။ ဒီစီးရီးကိုတော့ လာမယ့် စက်တင်ဘာလ(၁၇)ရက်နေ့မှာ MBC ရုပ်သံလိုင်းက စတင်ထုတ်လွှင့်မှာ ဖြစ်ပြီး သောကြာ၊ စနေနေ့တိုင်း ကြည့်ရှုရမှာပါ။

One The Woman (September 17)
Photo via soompi

ဒီဇာတ်လမ်းတွဲကတော့ ဟာသဒရာမာအမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အကျင့်ပျက်ခြစားနေတဲ့ အစိုးရရှေ့နေတစ်ယောက်ဟာ သူမနဲ့ တထပ်တည်းတူတဲ့ chaebol အိမ်က ချွေးမနဲ့ ဝိဉာဉ်ချင်းလဲသွားပြီးနောက် အတိတ်မေ့သွားကာ သူမရဲ့ ယခင်က မှတ်ဉာဏ်တွေကို ပြန်လည်ရရှိဖို့ ကြိုးစားတဲ့ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

Honey Lee ဟာ အကျင့်ပျက်နေတဲ့ အစိုးရရှေ့နေ Jo Yeon Joo နေရာမှာရော၊ chaebol အိမ်က ချွေးမဖြစ်သူ Kang Mina အဖြစ်နဲ့ပါ ဇာတ်ရုပ်နှစ်ခုမှာ သရုပ်ဆောင်ထားပါတယ်။ Lee Sang Yoon ကတော့ သူ့ရဲ့ အချစ်ဦးနဲ့ ပတ်သက်ပြီး ခံစားချက်တွေ ရှိနေသေးတဲ့ chaebol အိမ်က တတိယမြောက် မျိုးဆက်ဖြစ်သူ Hang Seung Wook အဖြစ် သရုပ်ဆောင်ထားပါတယ်။ စက်တင်ဘာလ(၁၇)ရက်နေ့မှာ SBS က စတင်ထုတ်လွှင့်သွားမှာ ဖြစ်ပြီး သောကြာ၊ စနေနေ့တိုင်း ကြည့်ရှုရမှာပါ။

Yumi’s Cells (September 17)
Photo via soompi

ဒီဇာတ်လမ်းတွဲလေးကတော့ ကိုရီးယားဒရာမာတွေထဲမှာ ထူးခြားတဲ့ဇာတ်လမ်းလေး ဖြစ်ပါတယ်။ သာမန်ရုံးဝန်ထမ်း ကောင်မလေး Yumi ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်တဲ့ ဦးနှောက်ဆဲလ်လေးတွေရဲ့ ရှုထောင့်ကနေ ပြသထားတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ Kim Go Eun က Yumi အဖြစ် သရုပ်ဆောင်ထားပြီး Ahn Bo Hyun ကတော့ Goo Woong ဆိုတဲ့ စိတ်ကောင်းရှိပြီး ရိုးဖြောင့်တဲ့ ဂိမ်းတီထွင်သူအဖြစ် သရုပ်ဆောင်ထားပါတယ်။ စက်တင်ဘာလ(၁၇)ရက်နေ့မှာ tvN က စတင်ထုတ်လွှင့်မှာ ဖြစ်ပြီး သောကြာ၊ စနေနေ့တိုင်း ကြည့်ရှုရမှာပါ။

Squid Game (September 17)
Photo via soompi

Squid Game ကတော့ အမေရိကန်ဒေါ်လာ သန်း(၄၀)နဲ့ ညီမျှတဲ့ ကိုရီးယားဝမ် (၄၅.၆)ဘီလျံ တန်ဖိုးရှိတဲ့ ဆုကြေးကို ရရှိဖို့ survival game တစ်ခုမှာ ဆော့ကစားရတဲ့ mystery drama အမျိုးအစား ဖြစ်ပါတယ်။ Lee Jung Jae နဲ့ Park Hae Soo ကတော့ ဒီဂိမ်းမှာ အတူပြန်လာဆုံတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဂိမ်းထဲကို ရောက်တော့မှ ဆုကြေးငွေထက် ပေးဆပ်ရမှာတွေများမှန်း နှစ်ယောက်လုံး သိရှိလိုက်ရပါတော့တယ်။ အဲဒါကတော့ ဂိမ်းမှာ ရှုံးနိမ့်တာဟာ ကိုယ့်ရဲ့အသက်ကိုပါ ဆုံးရှုံးရမှာဖြစ်ပြီး နောက်ဆုံးသော အနိုင်ရရှိသူသာလျှင် ဆုငွေတွေနဲ့ အသက်ရှင်လျက် အိမ်ပြန်နိုင်မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ လာမယ့် စက်တင်ဘာလ(၁၇)ရက်နေ့မှာ Netflix က ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Dali and Cocky Prince (September 22)
Photo via soompi

ဒီဒရာမာကတော့ ကျောင်းတွေ၊ စာအုပ်တွေမှာ သင်ယူခဲ့ရခြင်း မရှိပေမယ့် ဘဝကို ကောင်းကောင်းကြီး နေထိုင်နိုင်တဲ့ လူတစ်ယောက်နဲ့ လူကုံထံအသိုင်းအဝိုင်း နောက်ခံက ကြီးပြင်းလာပြီး ပညာတွေလည်း ကောင်းကောင်းသင်ကြားထားပေမယ့် ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ရမှန်းမသိတဲ့ အမျိုးသမီးတစ်ယောက်တို့ကြားက အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။

Kim Min Jae ကတော့ Jin Mu Hak ဆိုတဲ့ လူနေရာက သရုပ်ဆောင်ထားပါတယ်။ သူဟာ မိသားစုပိုင် ဝက်ကျောရိုးစွပ်ပြုပ်ဆိုင်လေးကနေ DonDon ဆိုတဲ့အမည်နဲ့ တစ်ကမ္ဘာလုံးကို အစားအသောက် ပို့ဆောင်ရောင်းချနေတဲ့ လုပ်ငန်းကြီးအဖြစ် ပြောင်းလဲတိုးတက်နိုင်ခဲ့တဲ့ မိသားစုမှာ ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။

တစ်ဖက်က Park Gyu Young ကတော့ Kim Dal Li အဖြစ် သရုပ်ဆောင်ထားပါတယ်။ Kim Dal Li ဟာ အင်မတန် ကျော့ရှင်းလှပသူ ဖြစ်ပြီး အနုပညာပြတိုက်တစ်ခုရဲ့ ဒါရိုက်တာလည်း ဖြစ်ပါတယ်။ သူမဟာ ဘာသာစကား(၇)မျိုးကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ လာမယ့် စက်တင်ဘာလ(၂၂)ရက်နေ့မှာ KBS2 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာပါ။ အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တိုင်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Hometown (September 22)
Photo via soompi

ဒီဇာတ်လမ်းတွဲကတော့ mystery thriller အမျိုးအစားဖြစ်ပြီး ၁၉၉၉ ခုနှစ်ရဲ့ ကျေးလက်ဒေသတစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ Choi Hyung In (Yoo Jae Myung) ဟာ ထူးဆန်းတဲ့ ကွင်းဆက်လူသတ်မှုတွေကို စုံစမ်းနေတဲ့ စုံထောက်တစ်ယောက် ဖြစ်ပါတယ်။ Jo Jung Hyun (Han Ye Ri) ကတော့ ပြန်ပေးဆွဲခံလိုက်ရတဲ့ တူမလေးကို လိုက်ရှာနေတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။

ဒီလိုနဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ကြိုးစားရင်း သူတို့နှစ်ယောက်လုံးဟာ ကြောက်စရာကောင်းတဲ့ အကြမ်းဖက်သမား Jo Kyung Ho (Um Tae Goo)နဲ့ ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်။ ဒီဇာတ်လမ်းတွဲကိုတော့ လာမယ့် စက်တင်ဘာလ(၂၂)ရက်နေ့မှာ tvN က စတင်ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တိုင်း ကြည့်ရှုရမှာပါ။

Young Lady and Gentleman (September 25)
Photo via soompi

ဒီဇာတ်လမ်းတွဲကတော့ KBS2 ရုပ်သံလိုင်းက အသစ်ထုတ်လွှင့်မယ့် weekend drama တစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Lee Young Guk (Ji Hyun Woo) ဟာ ငယ်ရွယ်ပြီး ချောမောခန့်ငြားတဲ့ ကုမ္ပဏီဥက္ကဌတစ်ယောက် ဖြစ်ပါတယ်။ သို့သော်လည်း သူ့ဘဝရဲ့ ပြစ်ချက်တစ်ခုကတော့ ဇနီးဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး ကလေးသုံးယောက်နဲ့အတူ မုဆိုးဖိုအဖြစ် ကျန်ရစ်ခဲ့ရတာပါပဲ။

Park Dan Dan (Lee Se Hee) ကတော့ တက်ကြွရွှင်မြူးစွာ နေထိုင်တတ်သူဖြစ်ပြီး Lee Young Guk ရဲ့ ကလေးတွေအတွက် စာသင်ပြပေးဖို့ အိမ်ကို အသစ်ရောက်ရှိလာတဲ့ ဆရာမ ဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ကြားမှာ တွယ်ငြိစရာတွေ ဖြစ်လာတဲ့အခါမှာတော့ … ။ စက်တင်ဘာလ(၂၅)ရက်နေ့မှာ စတင်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

ဒါကတော့ စက်တင်ဘာလအတွင်း အသစ်ထွက်ရှိလာမယ့် ကိုရီးယားဒရာမာတွေပဲ‌ ဖြစ်ပါတယ်။ ဒီလိုရုပ်ရှင်နဲ့ ပတ်သက်တဲ့ သတင်း၊ ဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ကိုရီးယားဒရာမာခ်စ္သူမ်ားအေနနဲ႔ ယခုစက္တင္ဘာလအတြင္းမွာလည္း ဇာတ္လမ္းတြဲအသစ္ေတြကို ၾကည့္ရႈရဦးမွာ ျဖစ္ပါတယ္။ ongoing စီးရီးေတြနဲ႔တင္ အားမရလို႔ စီးရီးအသစ္ေတြကိုပါ ေမွ်ာ္ေနၾကတဲ့ ဒရာမာပရိသတ္ေတြအတြက္ စက္တင္ဘာလအတြင္း ထြက္ရွိလာမယ့္ ဒရာမာအသစ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Lost (September 4)
Photo via soompi

ဇာတ္လမ္းကေတာ့ ဘဝမွာ ဘာမွျဖစ္ျဖစ္ေျမာက္ေျမာက္ မလုပ္ဖူးေသးတာကို နားလည္သြားတဲ့ သာမန္လူေတြအေနနဲ႔ တစုံတခု ေျပာင္းလဲလာေအာင္ ႀကိဳးစားတဲ့ဇာတ္လမ္းပဲ ျဖစ္ပါတယ္။ Jeon Do Yeon ကေတာ့ Boo Jung ဆိုတဲ့ အသက္ေလးဆယ္ေက်ာ္အ႐ြယ္ ရွဲဒိုးဝတၳဳေရးသူတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ တျခားသူရဲ႕ ကေလာင္နာမည္နဲ႔ ရွဲဒိုးစာေတြေရးေပးေနရၿပီး ဘဝမွာ ဘာမွမျဖစ္လာေသးလို႔ လမ္းေပ်ာက္သလို ခံစားေနရသူလည္း ျဖစ္ပါတယ္။

Ryu Jun Yeol ကေတာ့ Kang Jae ဆိုတဲ့ ကာ႐ိုက္တာေနရာမွာ သ႐ုပ္ေဆာင္ထားပါတယ္။ သူကေတာ့ ဝန္ေဆာင္မႈေပးတဲ့လုပ္ငန္းတစ္ခု တည္ေထာင္ထားၿပီး ေဖာက္သည္ေတြက ေတာင္းဆိုသမွ်ကို လိုက္‌ေလ်ာေပးေနရသူလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ စက္တင္ဘာလ(၄)ရက္ေန႔မွာ စတင္ျပသေနၿပီ ျဖစ္ကာ စေန၊ တနဂၤေႏြေန႔တိုင္း JTBC ႐ုပ္သံလိုင္းက ထုတ္လႊင့္ေနတာ ျဖစ္ပါတယ္။

High Class (September 6)
Photo via soompi

ဒီဇာတ္လမ္းတြဲကေတာ့ mystery drama အမ်ိဳးအစားျဖစ္ၿပီး သုခဘုံလို႔ တင္စားရေလာက္တဲ့ ကြၽန္းတစ္ခုေပၚက အလြန္အမင္း အဆင့္အတန္းျမင့္လြန္းတဲ့ ဇိမ္ခံ အင္တာေနရွင္နယ္ေက်ာင္းတစ္ခုမွာ ဇာတ္အိမ္တည္ထားပါတယ္။ Jo Yeo Jeong ကေတာ့ ခင္ပြန္းျဖစ္သူရဲ႕ လူသတ္မႈမွာ အမႈဆင္ခံရၿပီး အရာအားလုံးကို ဆုံးရႈံးလိုက္ရတဲ့ ေအာင္ျမင္တဲ့ ေရွ႕ေန Song Yeo Wool အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

ေယာက္်ားျဖစ္သူရဲ႕ ေသဆုံးမႈေနာက္ကြယ္က တကယ့္အမွန္တရားကို ရွာေဖြေနရင္းမွာပဲ သားျဖစ္သူ တက္ေရာက္ေနတဲ့ နာမည္ႀကီးေက်ာင္းက ေက်ာင္းေနဖက္ကေလးရဲ႕ အေမျဖစ္သူနဲ႔ ဆုံေတြ႕မိပါေတာ့တယ္။ ျဖစ္ခ်င္ေတာ့ အဲဒီအမ်ိဳးသမီးဟာ သူ႔ေယာက္်ား မေသဆုံးခင္က အတူတူရွိေနၿပီး သူ႔ေယာက္်ားနဲ႔ ေဖာက္ျပန္ေနခဲ့တဲ့ အမ်ိဳးသမီး ျဖစ္ေနတဲ့အခါမွာေတာ့ … ။ ဒီစီးရီးကေတာ့ စက္တင္ဘာလ(၆)ရက္ေန႔မွာ စတင္ျပသေနၿပီ ျဖစ္ကာ tvN ႐ုပ္သံလိုင္းက တနလၤာ၊ အဂၤါေန႔တိုင္းမွာ ထုတ္လႊင့္ေနပါတယ္။

Love in Black Hole (September 17)
Photo via soompi

Love in Black Hole ကေတာ့ Eun Ha (SeolA) ဆိုတဲ့ ေကာင္မေလးတစ္ေယာက္ဟာ သူမအခန္းရဲ႕ မ်က္ႏွာက်က္ေပၚက အျဖဴေရာင္တြင္းေပါက္တစ္ခုဆီကေန သူမဆီ လိပ္မူထားတဲ့ ရည္းစားစာေတြကို ရရွိေနသူ ျဖစ္ပါတယ္။ ဘယ္သူက ဒီစာေတြကို သူမဆီ ေရးပို႔ေနသလည္းဆိုတာကို စုံစမ္းဖို႔ သူမရဲ႕သူငယ္ခ်င္းနဲ႔အတူ ေဖာ္ထုတ္ၾကတဲ့ လူငယ္ဇာတ္လမ္းေလး ျဖစ္ပါတယ္။ လာမယ့္ စက္တင္ဘာလ(၁၇)ရက္ေန႔က စတင္ၿပီး ေသာၾကာ၊ စေနေန႔တိုင္း ထုတ္လႊင့္သြားမွာ ျဖစ္ပါတယ္။

The Veil (September 17)
Photo via soompi

ဒီဇာတ္လမ္းတြဲကေတာ့ လူႀကိဳက္မ်ားလာဦးမယ့္ အက္ရွင္ဒရာမာတစ္ခု ျဖစ္ပါတယ္။ Namgoong Min က Han Ji Hyuk အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး Park Ha Sun ၊ Kim Ji Eun နဲ႔ Kim Byung Gi တို႔က အဓိကပါဝင္ထားပါတယ္။ Han Ji Hyuk ကေတာ့ အမ်ိဳးသားလုံၿခဳံေရးစင္တာရဲ႕ ထိပ္တန္းေအးဂ်င့္တစ္ေယာက္ ျဖစ္ပါတယ္။ မစ္ရွင္တိုင္းကို ၿပီးျပည့္စုံစြာ ေအာင္ျမင္ႏိုင္တဲ့ သူ႔ရဲ႕ မွတ္တမ္းေတြေၾကာင့္လည္း လုပ္ေဖာ္ကိုင္ဖက္ေတြၾကားမွာ ယုံၾကည္ေလးစားခံရသူလည္း ျဖစ္ပါတယ္။

ဒီလိုနဲ႔ ရာဇဝတ္မႈတစ္ခုကို အဆုံးသတ္ေပးဖို႔ မစ္ရွင္သြားရာကေန တစ္ႏွစ္ခန႔္ ေပ်ာက္ဆုံးသြားပါေတာ့တယ္။ အဲဒီေနာက္မွာေတာ့ Han Ji Hyuk ဟာ သူ႔ဌာနကို ျပန္လည္ေရာက္ရွိလာခဲ့ၿပီး သူ႔ကို ဒီလိုျဖစ္ေအာင္ ဖန္တီးခဲ့သူကို ေျမလွန္ရွာေဖြပါေတာ့တယ္။ ဒီစီးရီးကိုေတာ့ လာမယ့္ စက္တင္ဘာလ(၁၇)ရက္ေန႔မွာ MBC ႐ုပ္သံလိုင္းက စတင္ထုတ္လႊင့္မွာ ျဖစ္ၿပီး ေသာၾကာ၊ စေနေန႔တိုင္း ၾကည့္ရႈရမွာပါ။

One The Woman (September 17)
Photo via soompi

ဒီဇာတ္လမ္းတြဲကေတာ့ ဟာသဒရာမာအမ်ိဳးအစား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ အက်င့္ပ်က္ျခစားေနတဲ့ အစိုးရေရွ႕ေနတစ္ေယာက္ဟာ သူမနဲ႔ တထပ္တည္းတူတဲ့ chaebol အိမ္က ေခြၽးမနဲ႔ ဝိဉာဥ္ခ်င္းလဲသြားၿပီးေနာက္ အတိတ္ေမ့သြားကာ သူမရဲ႕ ယခင္က မွတ္ဉာဏ္ေတြကို ျပန္လည္ရရွိဖို႔ ႀကိဳးစားတဲ့ဇာတ္လမ္းပဲ ျဖစ္ပါတယ္။

Honey Lee ဟာ အက်င့္ပ်က္ေနတဲ့ အစိုးရေရွ႕ေန Jo Yeon Joo ေနရာမွာေရာ၊ chaebol အိမ္က ေခြၽးမျဖစ္သူ Kang Mina အျဖစ္နဲ႔ပါ ဇာတ္႐ုပ္ႏွစ္ခုမွာ သ႐ုပ္ေဆာင္ထားပါတယ္။ Lee Sang Yoon ကေတာ့ သူ႔ရဲ႕ အခ်စ္ဦးနဲ႔ ပတ္သက္ၿပီး ခံစားခ်က္ေတြ ရွိေနေသးတဲ့ chaebol အိမ္က တတိယေျမာက္ မ်ိဳးဆက္ျဖစ္သူ Hang Seung Wook အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ စက္တင္ဘာလ(၁၇)ရက္ေန႔မွာ SBS က စတင္ထုတ္လႊင့္သြားမွာ ျဖစ္ၿပီး ေသာၾကာ၊ စေနေန႔တိုင္း ၾကည့္ရႈရမွာပါ။

Yumi’s Cells (September 17)
Photo via soompi

ဒီဇာတ္လမ္းတြဲေလးကေတာ့ ကိုရီးယားဒရာမာေတြထဲမွာ ထူးျခားတဲ့ဇာတ္လမ္းေလး ျဖစ္ပါတယ္။ သာမန္႐ုံးဝန္ထမ္း ေကာင္မေလး Yumi ရဲ႕ စိတ္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္တဲ့ ဦးေႏွာက္ဆဲလ္ေလးေတြရဲ႕ ရႈေထာင့္ကေန ျပသထားတဲ့ ဇာတ္လမ္းလည္း ျဖစ္ပါတယ္။ Kim Go Eun က Yumi အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး Ahn Bo Hyun ကေတာ့ Goo Woong ဆိုတဲ့ စိတ္ေကာင္းရွိၿပီး ႐ိုးေျဖာင့္တဲ့ ဂိမ္းတီထြင္သူအျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ စက္တင္ဘာလ(၁၇)ရက္ေန႔မွာ tvN က စတင္ထုတ္လႊင့္မွာ ျဖစ္ၿပီး ေသာၾကာ၊ စေနေန႔တိုင္း ၾကည့္ရႈရမွာပါ။

Squid Game (September 17)
Photo via soompi

Squid Game ကေတာ့ အေမရိကန္ေဒၚလာ သန္း(၄၀)နဲ႔ ညီမွ်တဲ့ ကိုရီးယားဝမ္ (၄၅.၆)ဘီလ်ံ တန္ဖိုးရွိတဲ့ ဆုေၾကးကို ရရွိဖို႔ survival game တစ္ခုမွာ ေဆာ့ကစားရတဲ့ mystery drama အမ်ိဳးအစား ျဖစ္ပါတယ္။ Lee Jung Jae နဲ႔ Park Hae Soo ကေတာ့ ဒီဂိမ္းမွာ အတူျပန္လာဆုံတဲ့ ငယ္သူငယ္ခ်င္းႏွစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။

ဂိမ္းထဲကို ေရာက္ေတာ့မွ ဆုေၾကးေငြထက္ ေပးဆပ္ရမွာေတြမ်ားမွန္း ႏွစ္ေယာက္လုံး သိရွိလိုက္ရပါေတာ့တယ္။ အဲဒါကေတာ့ ဂိမ္းမွာ ရႈံးနိမ့္တာဟာ ကိုယ့္ရဲ႕အသက္ကိုပါ ဆုံးရႈံးရမွာျဖစ္ၿပီး ေနာက္ဆုံးေသာ အႏိုင္ရရွိသူသာလွ်င္ ဆုေငြေတြနဲ႔ အသက္ရွင္လ်က္ အိမ္ျပန္ႏိုင္မွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကိုေတာ့ လာမယ့္ စက္တင္ဘာလ(၁၇)ရက္ေန႔မွာ Netflix က ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။

Dali and Cocky Prince (September 22)
Photo via soompi

ဒီဒရာမာကေတာ့ ေက်ာင္းေတြ၊ စာအုပ္ေတြမွာ သင္ယူခဲ့ရျခင္း မရွိေပမယ့္ ဘဝကို ေကာင္းေကာင္းႀကီး ေနထိုင္ႏိုင္တဲ့ လူတစ္ေယာက္နဲ႔ လူကုံထံအသိုင္းအဝိုင္း ေနာက္ခံက ႀကီးျပင္းလာၿပီး ပညာေတြလည္း ေကာင္းေကာင္းသင္ၾကားထားေပမယ့္ ကိုယ့္ကိုယ္ကို ဘယ္လိုဂ႐ုစိုက္ရမွန္းမသိတဲ့ အမ်ိဳးသမီးတစ္ေယာက္တို႔ၾကားက အခ်စ္ဇာတ္လမ္း ျဖစ္ပါတယ္။

Kim Min Jae ကေတာ့ Jin Mu Hak ဆိုတဲ့ လူေနရာက သ႐ုပ္ေဆာင္ထားပါတယ္။ သူဟာ မိသားစုပိုင္ ဝက္ေက်ာ႐ိုးစြပ္ျပဳပ္ဆိုင္ေလးကေန DonDon ဆိုတဲ့အမည္နဲ႔ တစ္ကမာၻလုံးကို အစားအေသာက္ ပို႔ေဆာင္ေရာင္းခ်ေနတဲ့ လုပ္ငန္းႀကီးအျဖစ္ ေျပာင္းလဲတိုးတက္ႏိုင္ခဲ့တဲ့ မိသားစုမွာ ႀကီးျပင္းလာခဲ့သူ ျဖစ္ပါတယ္။

တစ္ဖက္က Park Gyu Young ကေတာ့ Kim Dal Li အျဖစ္ သ႐ုပ္ေဆာင္ထားပါတယ္။ Kim Dal Li ဟာ အင္မတန္ ေက်ာ့ရွင္းလွပသူ ျဖစ္ၿပီး အႏုပညာျပတိုက္တစ္ခုရဲ႕ ဒါ႐ိုက္တာလည္း ျဖစ္ပါတယ္။ သူမဟာ ဘာသာစကား(၇)မ်ိဳးကို ကြၽမ္းက်င္စြာ ေျပာဆိုႏိုင္သူလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကိုေတာ့ လာမယ့္ စက္တင္ဘာလ(၂၂)ရက္ေန႔မွာ KBS2 ႐ုပ္သံလိုင္းကေန ထုတ္လႊင့္ျပသသြားမွာပါ။ အပတ္စဥ္ ဗုဒၶဟူး၊ ၾကာသပေတးေန႔တိုင္း ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

Hometown (September 22)
Photo via soompi

ဒီဇာတ္လမ္းတြဲကေတာ့ mystery thriller အမ်ိဳးအစားျဖစ္ၿပီး ၁၉၉၉ ခုႏွစ္ရဲ႕ ေက်းလက္ေဒသတစ္ခုမွာ ဇာတ္အိမ္တည္ထားပါတယ္။ Choi Hyung In (Yoo Jae Myung) ဟာ ထူးဆန္းတဲ့ ကြင္းဆက္လူသတ္မႈေတြကို စုံစမ္းေနတဲ့ စုံေထာက္တစ္ေယာက္ ျဖစ္ပါတယ္။ Jo Jung Hyun (Han Ye Ri) ကေတာ့ ျပန္ေပးဆြဲခံလိုက္ရတဲ့ တူမေလးကို လိုက္ရွာေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ပါတယ္။

ဒီလိုနဲ႔ ဖုံးကြယ္ထားတဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြကို ေဖာ္ထုတ္ဖို႔ ႀကိဳးစားရင္း သူတို႔ႏွစ္ေယာက္လုံးဟာ ေၾကာက္စရာေကာင္းတဲ့ အၾကမ္းဖက္သမား Jo Kyung Ho (Um Tae Goo)နဲ႔ ရင္ဆိုင္ဖို႔ ျဖစ္လာပါေတာ့တယ္။ ဒီဇာတ္လမ္းတြဲကိုေတာ့ လာမယ့္ စက္တင္ဘာလ(၂၂)ရက္ေန႔မွာ tvN က စတင္ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။ အပတ္စဥ္ ဗုဒၶဟူး၊ ၾကာသပေတးေန႔တိုင္း ၾကည့္ရႈရမွာပါ။

Young Lady and Gentleman (September 25)
Photo via soompi

ဒီဇာတ္လမ္းတြဲကေတာ့ KBS2 ႐ုပ္သံလိုင္းက အသစ္ထုတ္လႊင့္မယ့္ weekend drama တစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Lee Young Guk (Ji Hyun Woo) ဟာ ငယ္႐ြယ္ၿပီး ေခ်ာေမာခန႔္ျငားတဲ့ ကုမၸဏီဥကၠဌတစ္ေယာက္ ျဖစ္ပါတယ္။ သို႔ေသာ္လည္း သူ႔ဘဝရဲ႕ ျပစ္ခ်က္တစ္ခုကေတာ့ ဇနီးျဖစ္သူကို ဆုံးရႈံးလိုက္ရၿပီး ကေလးသုံးေယာက္နဲ႔အတူ မုဆိုးဖိုအျဖစ္ က်န္ရစ္ခဲ့ရတာပါပဲ။

Park Dan Dan (Lee Se Hee) ကေတာ့ တက္ႂကြ႐ႊင္ျမဴးစြာ ေနထိုင္တတ္သူျဖစ္ၿပီး Lee Young Guk ရဲ႕ ကေလးေတြအတြက္ စာသင္ျပေပးဖို႔ အိမ္ကို အသစ္ေရာက္ရွိလာတဲ့ ဆရာမ ျဖစ္ပါတယ္။ ဒီလိုနဲ႔ သူတို႔ႏွစ္ေယာက္ၾကားမွာ တြယ္ၿငိစရာေတြ ျဖစ္လာတဲ့အခါမွာေတာ့ … ။ စက္တင္ဘာလ(၂၅)ရက္ေန႔မွာ စတင္ထုတ္လႊင့္သြားမွာ ျဖစ္ပါတယ္။

ဒါကေတာ့ စက္တင္ဘာလအတြင္း အသစ္ထြက္ရွိလာမယ့္ ကိုရီးယားဒရာမာေတြပဲ‌ ျဖစ္ပါတယ္။ ဒီလို႐ုပ္ရွင္နဲ႔ ပတ္သက္တဲ့ သတင္း၊ ေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္ရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular